Monday, September 24, 2007

နင်းခဲ့ရသောမြေမာများ

ကျွန်တော်ဟာ ငယ်စဉ်ဘ၀တုန်းက မန္တလေးမြို့ အောင်ပင်လယ် ရပ်ကွက်သစ်လေးမှာ နေထိုင်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ အဖေဟာ ကျွန်တော်တို့ကို ပထမအစမှာ ဆိုက္ကားနင်းပြီး မိသားစုကို ရှာဖွေကျွေးမွေး ခဲ့ပါတယ်။ ဆိုက္ကား နင်းရင်း ကနေ လက်သမား အလုပ်ကို တစ်ခါတလေ လုပ်ကိုင်ရင်း မိသားစု အရေး ကိုဖြေရှင်းပေး ခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ အဖေဟာ တာဝန် ကျေလွန်းတဲ့ ဖခင်တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော် အဖေ့ ကိုယ်စား အားရ ဂုဏ်ယူ ရပါတယ်။ ကျွန်တော်မှာ အဲဒီတုန်းက ညီမလေး တစ်ယောက်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ဟာ အောင်ပင်လယ် အလယ်တန်းကျောင်းမှာ နေတယ်။ ဘာမှမရှိတဲ့ ကျွန်တော်တို့ ဘ၀ဟာ ပျော်စရာလည်း ရှားပါးခဲ့ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပျော်ရွှင်အောင် နေဖို့ လည်း မကြိုးစား ခဲ့ပါဘူး။ ဘယ်လိုလုပ်ရမလဲ ဆိုတာ မသိလို့လေ။ ကျွန်တော် မေ့လို့ မရတဲ့နေ့ လေး တစ်နေ့ ရှိ တယ်။ အဲဒီနေ့ကို ကျွန်တော် ဘယ်လိုမှမေ့လို့ ရမှာ မဟုတ်တော့ ပါဘူး။ အခု ထိလည်း သတိရ နေဆဲပါ။ အဲဒီနေ့က ကျွန်တော်တို့ ကျောင်းက ပြန်လာတော့ ကျွန်တော်က လေးတန်း၊ ကျွန်တော့်ညီမလေးက တစ်တန်းပေါ့။ ကျောင်းက ပြန်ရောက်ရောက်ချင်း ညီမလေးက ထမင်းဆာတယ်တဲ့။ ကျောင်းကနေ အိမ်ပြန်လာတယ် ဆိုတော့ အမှန်တော့ ကျွန်တော်တို့ မောင်နှမ နှစ်ယောက်လုံး ဆာနေတာပါ။ ဒါပေမယ့် ကျွန်တော် ထမင်းအိုးကို ဖွင့်ကြည့်လိုက်တော့ ထမင်းက တစ်ယောက်စာတောင် မရှိဘူး။ ဒါကြောင့် ထမင်း ဆာနေတဲ့ ကျွန်တော်ဟာ ညီမလေးကို ဦးစားပေးပြီး ညီမလေးကို ထမင်း ကျွေးခဲ့ရပါတယ်။ ဒါဟာ ကျွန်တော် ကိုယ့် ဂုဏ် ကိုယ်ဖော်ပြီး ပြောတာ မဟုတ်ပါ ဖူးနော်။ ကျွန်တော်တို့ ခံစားခဲ့ရတဲ့ ဒုက္ခတွေ ကို သူငယ်ချင်းတွေ ကို တင်ပြ တာပါ။ ပြောပြတယ် ဆိုပါတော့။ ကဲ နောက်မှ ဆက်တွေ့ ကြတာပေါ့နော်။

0 comments: