Monday, September 24, 2007

ကျန်စစ်ဘုန်းပြန်လာပြီ (ဒိုင်းညှောင့်..တက်ကလုတ်..တက်ကလုတ်)


မင်္ဂလာပါ သူငယ်ချင်းများနဲ့ အစ်ကို၊ အစ်မ များ ခင်ဗျား။ ကျွန်တော် (၆-၈-၂၀၀၇) ရက်နေ့ကနေ စပြီး ပျောက် သွားတာကို သတိထား မိချင်ထား မိမယ်။ ဒါမှမဟုတ် သတိထားမိမှလည်း ထားမိ မယ်ပေါ့နော်။ ဒါပေမယ့် တာဝန်အရတော့ ပြောရမှာပဲ။ မရဘူး။ အဲဒီ့နေ့က စပြီးတော့ ကျွန်တော် နန်းတွင်းမှာ သွားနေရ တယ်။ အလုပ်ကိစ္စနဲ့ ဆိုပါတော့။ အင်း ... (၁၅) ရက်လောက်တော့ ကြာတယ်။ ပျင်းလိုက်တာဗျာ။ အရမ်းပဲ။ အ ပြင်လောကနဲ့ အဆက်အသွယ်ပြတ်သွားတယ် ခဏတော့။ ဒါပေမယ့် အေးဆေးတယ်ဗျ။ သိလား။ အဲဒီထဲက။ အရမ်းကို ဆိတ်ငြိမ်တာ။ ဓါတ်ပုံတွေကတော့ မတင်တော့ ပါဘူး။ လူတိုင်းသိတဲ့ ပုံတွေပဲ ဖြစ်နေမှာဆိုတော့လေ။ ကျွန်တော် (၂၁-၈-၂၀၀၇) ရက်နေ့ မှာ ပြန်ရောက်ပါတယ်။ အရမ်းပျော်တဲ့နေ့လေး လို့ပြောလို့ရတယ်။ ရောက် ရောက်ချင်းပဲ အောင်ချမ်းလင်းနဲ့ မြို့ထဲကို လျှောက်သွားကြတယ်။ အဲ .. မမြလွှာ ဆီတောင်ရောက်ကြသေး တယ်။ မိုးကုတ်သူနဲ့လည်း တွေ့ခဲ့တယ်။ ခြေရှည်ပုံကို သိစေချင်လို့ပါ။ ဟီး။ SKY WALK မှာလည်း လျှောက်ပတ် ကြတယ်။ (ဘာမှ မ၀ယ်ပဲနဲ့လေ)။ နောက်ပြီး MINNY STORE ကိုလည်းရောက်သေးတယ်။ ဟိုဟာမေး ဒီဟာ မေးနဲ့ ပြန်ထွက်လာတာပေါ့။ ဘယ်ရမလဲ။ အဲ ... တစ်ခုမေ့နေလို့ မမြလွှာက ကျွန်တော်နဲ့ အောင်ချမ်းလင်းကို မုန့်ဝယ်ကျွေးမယ်လို့ ပြောတယ်သိလား။ ဟီး ... စားရချည်သေးရဲ့။ ညတောင် အိပ်ပျော်ပါ့မလား မသိတော့ပါ ဘူးဗျာ။ သူများကျွေးတာ စားရမယ်ဆိုရင် တအား ၀ါသနာပါတာ။ သိလား။ ဟီး ... ။

0 comments: