Monday, September 24, 2007

မင်းကွန်းသို့တစ်ခေါက်အလည်ရောက်သည်

မနေ့ညက ကောင်မလေး တစ်ယောက်နဲ့ G-talk မှာ တွေ့တယ်။ သူက ကျွန်တော့်ကို ဘလော့ ထား တယ်လေ။ ဒါနဲ့ ကျွန်တော်က သူ့ကို ပြောလိုက်တယ်လေ။ ကျွန်တော့်ကို ဘာလို့ Block ထားတာလဲ လို့မေးပြီး ဟီး နည်းနည်းငိုပြ လိုက်တယ်လေ။ ကောင်မလေး က ပြန်ရှင်းပြပါတယ်။ မဟုတ်ပါဘူး။ ဘာညာပေါ့ဗျာ။ (အကုန် မသိချင်နဲ့ သူများအကြောင်းကို ဟင်း )။ အဲလိုပြောကြရင်းနဲ့ သူက ပြောတယ်။ ကောင်မလေးက မင်းကွန်းကို သွားစရာရှိတယ်တဲ့။ အဲ လိုပြောတာနဲ့ ကျွန်တော်က လိုက်လို့ရမလားလို့ မေးလိုက်တယ်လေ။ အဲဒီတော့ ကောင်မလေးက လိုက်ချင်ရင် လိုက်ခဲ့လို့ ခွင့်ပေးလိုက်တာနဲ့ ကျွန်တော် ရယ် ၊ လွင်ကိုလတ် ရယ် ဒီနေ့မနက် (၁၀)နာရီ မှာ ဂေါဝိန်ဆိပ် ကနေ စောင့်နေကြရတယ်။ သူတို့က (၁၀)နာရီလို့ ပြောတာကိုး။ ဒါနဲ့ စောင့်ရင်း စောင့်ရင်းနဲ့ (၁၁)နာရီက ထိုးလာရော။ အဲဒီမှာ ကျွန်တော်တို့ နည်းနည်း စိတ်ပူသွားတယ်။ ဒီကောင်မလေးတွေ များ သွားနှင့်တာလား လို့ပေါ့။ ဒီကိုမလာခင် ကတည်းက အောင်ချမ်းလင်း က နိမိတ်ဖတ် လိုက်တယ် လေ။ အဆင်မပြေပဲ ပြန်လာမှာ မြင်ယောင်သေးတယ် တဲ့။ အဟီး အဲဒါနဲ့ ကျွန်တော် တို့ နှစ်ယောက် မှာ ပြန်လည်း မပြန်ရဲဘူးလေ။ တော်ကြာ ဒီအတိုင်း ပြန်လာရင် ဒီကောင်က ဂျာနယ်ထဲမှာ မန္တလေးက Blogger နှစ်ဦး မြစ်ဆိပ်မှာ ရှိုးနဲ့ မိုးနဲ့သွားကာ ရေချိုး ပြန်လာခြင်းလို့ ရေးလိုက်ရင် ဘယ်လို လုပ်မလဲ။ ဒီကောင်က ကုန်ကြမ်းရှုာနေတာ။ ကဲ ထားပါလေ။ ဒီလိုနဲ့ (၁၁)ကျော်တော့ သူတို့နှစ်ယောက် ရောက်လာတယ်။ ပြောရဦးမယ် သိလား။ ကျွန်တော်တို့ ကံကောင်းပုံပြောပါတယ်။ အားလည်း နာတယ်။ ကောင်မလေး ကို။ မော်တော်ခကို သူက ပေးလိုက်တယ်လေ။ ကျွန်တော့်မှာ လည်း ပိုက်ဆံပါ ပါတယ်။ ညီမလေး နားကပ်ကို ချွတ်ပေါင် လာတာလေ။ အသာတကြည် ချွတ်မပေးလို့ နားအုံတောင် ကျင်းလိုက် ရသေးတယ်။ ဒါနဲ့ ကျွန်တော် က ပေးမယ် လုပ်တော့ သူက ပေးပြီး သွားပြီတဲ့ လေ။ အားနာ လိုက်တာဗျာ။ ရှက်လည်း ရှက်သလိုပဲ။ ဟီး ဘယ်လိုကြီးမှန်း ကို မသိဘူး။ ဖြစ်နေတာ ဖြစ်နေတာ။ အဲဒါနဲ့ ကံကောင်း ချင်တော့ ကျွန်တော်တို့လည်း မော်တော်ပေါ် ရောက်ရော မော်တော် လည်း ထွက်တာပဲ။ မြစ်ရေပြင်ကြီး ကို ကြည့်ပြီး ကြည်နူး လိုက်တာဗျာ။ မြစ်ရေပြင် ကိုလား။ ဘယ်သူ့ကိုမှန်း လဲ မ သိပါဘူး။ သွားမပြော နဲ့ဦးနော်။ (ကျွန်တော် က ပါးမကောင်းဘူး)။ ဒီလိုနဲ့ မြစ်ကမ်း ဘေးတစ်လျှောက် ရေမြုပ်နေ တဲ့ အိမ်လေး တွေကို ၀မ်းသာ အားရ အဲ ဟုတ်ပေါင် ဂရုဏာသက်စွာ ကြည့်ရင်း ဓါတ်ပုံလေးတွေ ရိုက်လို့ လေတဖြူးဖြူး နဲ့ လိုက်လာ ရင်း ကျွန်တော် နဲ့ လွင်ကိုလတ် ထိုင်နေတဲ့ အောက်က မီးခိုးတွေ ထွက်လာတယ်။ ကျွန်တော် က ပြောလိုက်တယ်။ ဟေ့ကောင် လွင်ကိုလတ် ဆေးလိပ် ကို ဖွတ် မသောက်နဲ့ ငါ့ကိုရော တိုက်ဦးလို့။ အဲဒီတော့ လွင်ကိုလတ် က ပြန်ပြောတယ်။ ငါ ဆေးလိပ် သောက်တာ မဟုတ်ဘူး မင်းကြီးတော်ကြီး အောက်က ထွက်နေတာ ကွတဲ့။ ကျွန်တော် စဉ်းစား လို့ကိုမရဘူး။ ကျွန်တော့် ကြီးတော်ကြီး အောက်က အင်း............။ အင်ဂျင်က မီးခိုး တွေ ထွက် လာတာ။ လန့်သွား တာပဲ။ သွားပြီလို့ ။ ကိုယ့်မှာလည်း ဘုရားစာက မရ။ ရတဲ့ အဂုင်္လိမာလသုတ် က လည်း မဆိုင် ဆိုတော့ ။ ခက်တော့ ခက်ပြီ ပေါ့။ မော်တော်က လူတွေက တော့ပြန်ပြင် နေကြတယ်လေ။ နောက် တော့ ရပြီ ရပြီ နဲ့အော်ကြပြန်ရော။ ဟင်း အေးဆေးပေါ့ ။ စက်ပြန်နိုးပြီး ပြန်မောင်း ကြည့်တော့ တစ်ခါ တောင် မ ပွတ်ရသေးဘူး။ (ကားဆို တစ်လှိမ့်ပေါ့ ။ မော်တော် ဆိုတော့ မြစ် မျက်နှာပြင်နဲ့ မော်တော် ၀မ်းဗိုက်နဲ့ တစ်ပွတ်) တစ်မျိုး မထင်နဲ့နော်။ အဲ ပြန်ဖြစ် ပြန်ရောဗျို့ ။ ဒီတစ်ခါတော့ သွားပြီ ဆိုပြီးတော့ ရတဲ့ အဂုင်္လိမာလသုတ် လည်း ရွတ်ရတော့ တာပဲ။ မတတ်နိုင်ဘူးလေ။ နောက်တော့ ပြန်ကောင်း သွားတယ်လေ။ ဒါနဲ့ ခရီးဆက် ကြတယ်။ ပျော်ဖို့ တော့ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်တို့ (၃) ယောက် ( ကျွန်တော်၊ အောင်ချမ်းလင်း၊ လွင်ကိုလတ် )ထဲ က တစ်ယောက် မပါ တော့ သိပ် မပြည့်စုံ သလိုပဲ။ ဒါပေမယ့် ကောင်မလေး တော့ ပါပါတယ်။ (ဘာမှဆိုင် ဘူးနော်)။ ဒီလိုနဲ့ပဲ မင်းကွန်း ကို ရောက်သွားတယ် ဆိုပါတော့။ မင်းကွန်း ရောက် တော့ ကောင်မလေး ရဲ့ အလုပ်ကိစ္စ လုပ်တာ တွေကို စောင့်ပေးတယ်။ ပြီးတော့ ထမင်း စားတယ်။ (ဂလု) ။ နောက် တော့ ဓါတ်ပုံ တွေ လျှောက် ရိုက်ကြတယ်။ ရေက လည်း ကြီးလိုက်တာ မပြော ပါနဲ့တော့။ (ပြောပါဘူး တော့ မလုပ် နဲ့နော်)။ မင်းကွန်း မြစ်ရေ လမ်းပေါ်တောင် တက်တယ်။ လက်လန်တယ်။ လန်ထွက် နေ တယ် ဆိုပါ တော့ ဗျာ။ ညနေ (၅) နာရီ လောက်ကြတော့ ကျွန်တော် တို့မော်တော် ပေါ်ရောက် နေကြပြီလေ။ မန္တလေးကို (၅း၃၀) လောက်မှာ ပြန်ရောက်တယ်။ ပျော်စရာ ကောင်းခဲ့ပါ တယ်။ ကျွန်တော့် ဘ၀မှာ အပျော်ဆုံး ခရီးပါပဲ။ လည်လိုက် ရတာ ခဏလေး ပေမယ့် အရမ်းကို ပျော်မိ ပါတယ်။ ကျွန်တော်နဲ့ သိပ်စကား မပြောတဲ့ ကောင်မ လေး ကို စကား ရင်းရင်းနှီးနှီး ပြောခွင့်ရတဲ့အတွက် ရောပေါ့။ နောက် များမှာ လည်းခရီး ထွက်ဖို့ အစီအစဉ်ရှိ သေး တယ် သိလား။ ။




မြစ်ရေကြီးသဖြင့် ရေအောက်ရောက်နေသောအိမ်များ



မင်းကွန်းခေါင်းလောင်းကြီးနားမှာ ကျွန်တော်ရယ်၊ လွင်ကိုလတ်ရယ်၊ ပိုးပိုးရယ၊်သမ္ဗူလရယ်

0 comments: