တစ်နေ့သော တစ်ညမှာ ကျွန်တော်အလုပ် ရှုတ်ချင်ယောင်ဆောင်နေတုန်း သူငယ်ချင်းဖြစ်တဲ့ အောင်ချမ်းလင်း က တိုင်ပင်လာပါတယ်။ သူ Online Journal တစ်ခုကို ဖန်တီးချင်တယ်တဲ့။ ဒါနဲ့ ကျွန်တော်ရယ် ၊ အောင်ချမ်းလင်း နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးကြတယ်လေ။ ဘယ်လိုလုပ်ရင်ကောင်းမယ်။ ဘယ်လိုလုပ် လိုက်ရင် လူတွေမျက်စိနောက်မယ် ဆိုတာ ရွေးချယ်ကြ တယ်။ အောင်ချမ်းလင်း က ဒီဂျာနယ်ကို (၃၀ - ၇ - ၂၀၀၇ ) နေ့ ကို အပြီးထုတ်ချင်တယ်လို့ ကျွန်တော့် ကိုပြောလာတယ်။ သူပြောတာက ( ၂၇ - ၇ - ၂၀၀၇ ) နေ့က လေ။ သုံးရက်ထဲနဲ့ သူက အပြီးလုပ်ချင် တယ်လို့ ပြောလာတဲ့သဘောပေါ့လေ။ ပြီးတော့ ဂျာနယ် ကို ပြီး ပြီးရောမလုပ်ချင်တဲ့ ဆန္ဒရော၊ ကောင်း လည်းကောင်း ၊ နောက်ပြီး မန်း Blogger အချင်းချင်း ခင်မင်ရင်းနှီးခင်တဲ့ ဆန္ဒလေးတွေကို အကောင် ဖော်ချင်တယ်လေ။ ဒါကြောင့် ကျွန်တော်တို့ လည်း ခေါင်းကို ဖြူအောင် တော်တော်ကို စဉ်းစားခဲ့ရပါ တယ်။ အားလုံးကို ရယ်စရာ အဖြစ် ဖန်တီးထားတာပါ။ တစ်ခါတလေ ရယ်စရာကနေ ရန်စ ရာရောက် တတ်လို့ တော်တော်လေးကို သတိထားကြရပါတယ်။ ရယ်စရာမကောင်းတဲ့ စာသားတွေကိုလည်း သတ် မှတ်ရက် အမီထုတ်နိုင်အောင်ဆိုပြီး ထည့်မရေးထားဘူး ။ ကျွန်တော်တို့ လိုချင်တာ Online သူငယ်ချင်း တွေက ကျွန်တော်တို့ (၇) ယောက်ဖန်တီးလိုက်တဲ့ အရာတစ်ခုဟာ သူငယ်ချင်းတွေ ရင်ထဲကို ရောက်သွားရင်တော်ပြီ ။ ဒီဂျာနယ်ကို ကျွန်တော်တို့ (၃၀ - ၇ - ၂၀၀၇) နေ့ မနက် ( ၅း ၄၅း ၃၃ ) နာရီ မှာ လက်စသတ်နိုင်ခဲ့ပါတယ် ။ ပြောရရင် (၃) ရက်လုံးကို ကျွန်တော် နဲ့ အောင်ချမ်းလင်း မိုးလင်းမှ သာ အိပ်ကြတယ် ။ မပြီးမှာ စိုးတဲ့အတွက်ပေါ့ ။ လွင်ကိုလတ်ကို သိတယ်မဟုတ်လား ။ သူက လည်း ကြိုးစား ရှာပါတယ်။ ကျွန်တော် တို့ နှစ်ယောက်ဘေးမှာ ခွေခွေလေး အိပ်နေရှာတယ် ။ တအားပင်ပန်းသွားလို့ ။ :P ဒီနေ့ မနက်က အိပ်ချင်မူးတူး ဂယောင်ဂတမ်း နဲ့ အိပ်နေရာက ထလာပြီး ကျွန်တော် ကွန်ပျူတာရှေ့ ထိုင်နေတာကို အတင်းဆွဲချပြီး သီချင်းတွေကောက်ဖွင့်ပြီး Chatting ထိုင်နေတယ် ။ မနက် လ္ဘက်ရည် သောက်တော့ သူ့ကို ပြန်ပြောတော့ အမယ် သူမဟုတ်သလိုနဲ့ ။ လုပ်ပုံက ။ ကျွန်တော်တို့ ကိုတောင် မယုံသင်္ကာနဲ့ “ ဟုတ်လို့လား ” တဲ့ ။ ပင်ပန်းတယ်လေ သူက ။ သူက ဂျာနယ်မှာ ကြော်ငြာ ကဏ္ဍကို တာဝန်ယူထားတယ်လေ ။ သူ့အပိုင်းပြီးတော့ သူက အမြီးနှံ့နေနိုင်တာပေါ့ ။ :D ။ အောင်ချမ်းလင်းက တော့ ဒီဇိုင်းကို တာဝန်ယူတယ်လေ ။ ကဗျာနည်းနည်းရေးတယ် ။ အောင်ချမ်းလင်း က တစ်ပုဒ် ။ ကျွန်တော်က တစ်ပုဒ် ။ နှစ်ပုဒ်ပဲ ရေးနိုင်တယ် ။ ကျွန်တော်က ၀တ္ထုတိုတစ်ပုဒ် ထည့်ပေးလိုက်တယ်။ အောင်ချမ်းလင်းကတောင် ရေးဦးမယ်လုပ်နေသေးတယ် ။ မနည်းဆွဲထားရတယ် ။ မနိုင်ဘူး တကယ် ။ ပြောချင်တာကတော့ ကျွန်တော်တို့ ရဲ့ ဂျာနယ်လေးကို မန္တလေးမြို့ကို ဗဟိုပြုလို့ ဖြစ်ပေါ်လာသော ဟာသများကို ရေးသားထားခြင်းဖြစ်ပါတယ် ။ ဒါကြောင့် ဂျာနယ်ထဲမှာ အကြောင်းအရာပါတဲ့ သူငယ်ချင်း Blogger တွေကို အစ်ကို Blogger တွေကိုတောင်းပန်ချင်တာက အမှားပါရင် ခွင့်လွှတ်ပါလို့ပါ ။ တော်သေးပြီ ။ သုံးရက်လုံး ကောင်းကောင်းမအိပ်ရလို့ အိပ်ချင်သေးတယ် ။ ဟီး ။
Monday, September 24, 2007
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment