လောက မှာ ကိုယ်ထင် သလို ကိုယ်ဖြစ်ချင်သလို ဖြစ်မလာရင် တအားစိတ်ညစ်ဖို့ ကောင်းတယ်။ ကျွန်တော် ဖြစ်ချင်တဲ့ အရာတွေ ကလဲ ဖြစ်မလာ ခဲ့ပါဘူး။ ကျွန်တော် ဟာ ငယ်ငယ်လေး ကတည်းက အဆိုတော်တစ် ယောက် ဖြစ်ချင် ခဲ့တယ်။ ဒါပေမယ့် ဖြစ်လာ ခဲ့ပါဘူး။ ကျွန်တော် တော်တော် စိတ်ညစ် သွားတယ်။ ကြိုးစား ပါရက်နဲ့ အရာ မထင်တာ ကိုပေါ့။ လောကမှာ ကြိုးစားရင် ဘာမဆိုဖြစ်တယ် ဆိုတဲ့ စကားဟာ ကျွန်တော့် အတွက် တော့ ရယ်စရာ ပြက်လုံးတစ်ခု လို ဖြစ်လာခဲ့ တယ်လေ။ ဒါပေမယ့် ကျွန်တော် ကတော့ ကံကို မယုံ တော့ ပေမယ့် ခုထက်ထိ ကြိုးစား နေဆဲပါပဲ။ ရယ်စရာများ ဖြစ်နေလား မသိဘူး။ ဒါ ကျွန်တော့် ရဲ့ ခံစား ချက် အမှန် ပါပဲ။ ကျွန်တော်ဟာ အဲဒီ့ ပိုးကို ခြောက်တန်း လောက်က တည်းက ကျွန်တော့် ကိုယ်ထဲမှာ မွေး မြူ ခဲ့မိတာပါ။ အခုဆိုရင် ကျွန်တော် ဟာ နည်းလမ်းတကျ ကြိုးစား နိုင်တဲ့ အခွင့်အလမ်းမျိုးကို ရှာနေ ပါတယ်။ ဖြစ်တာ မဖြစ်တာ တော့ လူတွေ ပြောနေကြတဲ့ ကံကြမ္မာ ကိုပဲ လွှဲချ ရမှာပေါ့ လေ။ ကဲ သူငယ်ချင်း တို့လည်း ကျွန်တော့်ကို ၀ိုင်း ဆုတောင်း ပေးကြပါဦး။ မန္တလေး က အဆိုတော်ရှုး ရှုးနေတဲ့ ကောင်လေး တစ်ယောက် ရဲ့ ကြိုးစားမှု အောင်မြင်ပါစေလို့ .............................
Monday, September 24, 2007
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment