Wednesday, September 26, 2007

နေသာသလိုနေကြစေချင်ပါတယ်......

မြေဇာပင် မဖြစ်ပါစေနဲ့......

Monday, September 24, 2007

သိရင်ပြေုာကြပါ

ခံစားချက် တစ်ခုကို ထုတ်ဖော် ပြောဖို့ အချိန်အခါ တစ်ခုကို စောင့်ရတယ်လို့ ကျွန်တော်ကြားဖူးတယ်။ အဲဒီ့ခံစား ချက်ဟာ နှစ်ရှည်ထားလို့ရတဲ့ ခံစားချက် ဖြစ်ခဲ့မယ် ဆိုရင်တော့ ကျွန်တော် လက်သင့်ခံပါတယ်။ ဒါပေမယ့် ဒါဟာ နှစ်ရှည် ထားလို့မရနိုင်တဲ့ ခံစားချက် (ဆိုလိုတာက) ကြာရှည် သိုဝှက်မထားနိုင်တဲ့ ခံစားချက်မျိုးကို ဘယ်လိုလူက ဘယ်လို အချိန်ကို စောင့်နေနိုင်မှာလဲ။ ဒါပေမယ့် အဲဒီ့ ခံစားချက်ကို နားထောင်ပေးရမယ့် သူဟာ လိုလိုချင်ချင် ရှိမှသာ ကိုယ်ခံစားရတဲ့ ဝေဒနာ ပြေပျောက်နိုင်မှာ မဟုတ်လား။ ကျွန်တော့်မှာ ကိုယ်တွေ့ ဖြစ်ရပ်လေး ရှိခဲ့ဘူးတယ်။ တစ်ခါကပေါ့။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်နဲ့ ကျွန်တော်နဲ့ ကောင်မလေး တစ်ယောက်ကို အတူတူ ချစ်မိ ခဲ့ဖူးကြတယ်။ ကျွန်တော့် ဘက်က အားသာချက်က ကျွန်တော် အဲဒီ့ ကောင်မ လေးကို ချစ်နေတယ် ဆိုတာကို ကျွန်တော့် သူငယ်ချင်းရော၊ အဲဒီ့ ကောင်မလေးရော ဘယ်သူဆို ဘယ်သူမှ မသိခဲ့ပါဘူး။ အဲဒါ ကျွန်တော့်အတွက် အားသာချက်လို့ ကျွန်တော် ထင်တယ်လေ။ သူငယ်ချင်းဖြစ်သူ ကတော့ မသိရှာဘူး ပေါ့လေ။ သူ အဲဒီ့ကောင်မလေး ကို အရမ်းချစ်မိ နေကြောင်း ၊ အဲဒါကို ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတဲ့ အကြောင်း ကျွန်တော့်ကို လာပြီး အကြံဥာဏ် တောင်းတယ်။ သူကတော့ ရိုးရိုးသားသားပဲ အကူအညီ တောင်းတာပါ။ ဒါပေမယ့် ကျွန်တော့် ဘက်ကိုလည်း စဉ်းစားကြည့်ပါဦး။ ကိုယ်က ချစ်နေ၊ စိတ်ဝင်စား နေတဲ့ ကောင်မလေး တစ်ယောက်ကို တခြားတစ်ယောက်က ဘယ်လို လိုက်ရမလဲ ဆိုပြီး ကိုယ့်ဆီလာ အကြံ ဥာဏ် တောင်းတာကို ဘယ်လိုခံစားချက်မျိုးနဲ့ ကျွန်တော့် သူ့ကို အကူအညီ ပေး လိုက် ရ မလဲ။ ဒါပေမယ့် ပေါ့လေ။ ကျွန်တော့် နဲ့ ကျွန်တော့် သူငယ်ချင်းက အရမ်းကို ခင်ကြတဲ့ သူငယ်ချင်းတွေ ဆိုတော့ ကျွန်တော်က ဘယ်လိုလုပ် ရင်တော့ ဘယ်လိုဖြစ်လိမ့်မယ် ထင်တယ်ကွာ ဆိုပြီးပဲ မယုတ်မလွန် လေး အကြံပေးတယ်။ ဒါပေမယ့် ကောင်မ လေးက တော့ ကျွန်တော့် သူငယ်ချင်းကို စိတ်မ၀င်စား တဲ့ အရိပ်အခြေ တွေပြတယ် လေ။ ဒါကို ကျွန်တော် တွေ့ တယ်။ ဒါပေမယ့် သူငယ်ချင်းဖြစ်တဲ့ ကောင် စိတ်မကောင်း ဖြစ်မှာ စိုးလို့ ကျွန်တော် ဘာမှကို ၀င်မပြောခဲ့ပါဘူး။ ဒါပေမယ့် ဒီနေရာမှာ နည်းနည်း စဉ်းစား ပေးကြပါဦး။ အဲလို ကောင်မလေး ကလည်း စိတ်မ၀င်စား၊ ကျွန်တော့် သူငယ်ချင်း ကလည်း နည်းနည်း စိတ်ပျက် စပြုလာတဲ့ အချိန်မှာ ကျွန်တော့် အနေနဲ့ ဖွင့်ပြော လိုက်ရင် သူများ အမြင်မှာ ကျွန်တော်ဟာ သူငယ်ချင်း အပေါ် သစ္စာမရှိတဲ့ သူတစ်ယောက် ဖြစ်နိုင်သလား။ ဒါမှ မဟုတ် ပွဲလန့်တုန်း ဖျာခင်းတဲ့ သူတစ်ယောက် အဖြစ်ရော မြင်နိုင်သလား။ ကျွန်တော် လည်း အဲလို အမြင်ခံ ရမှာကို ကြောက်လို့ ဖွင့် ပြောဖို့ စိတ်ကူး မရှိခဲ့ဘူး။ နောက်ပြီး ဘယ်တော့ မှလည်း ဖွင့်မပြောဖို့ တောင် စိတ်ကူး လိုက်ပါသေးတယ်။ ဒါပေမဲ့ ခံစားချက် ဆိုတာမျိုးက ကျွန်တော် အပေါ်မှာ ပြောခဲ့သလို ကြာရှည် သိမ်းထားလို့ရတဲ့ အရာတစ်ခု ဖြစ်မယ် မထင် ဘူးလေ။ ဒါကြောင့် အဲဒီ့ ကောင်မလေးကို တစ်နေ့မှာ ကျွန်တော် ဖွင့်ပြော လိုက်တယ်။ (ကျွန်တော့် သူငယ်ချင်း မသိအောင်ပေါ့။) အဲဒီတော့ ကောင်မလေးက စိတ်ဆိုးသွားတယ် ထင်ပါတယ်ဗျာ။ ကျွန်တော့်ကို စကားလည်း မ ပြောတော့ဘူး။ ဘာဆို ဘာမှလည်း မတုန့်ပြန်တော့ဘူးလေ။ ကြာခဲ့ပါပြီဗျာ။ ဒါတွေဟာ ကျောင်းတုန်းက ဇာတ်လမ်း လေးတွေပါ။ ဒါပေမယ့် ဒီနေ့မှ တစ်ခုခုကို စဉ်းစားမိတာနဲ့ ချရေးဖြစ်တာပါ။ အဲဒီ့ ကောင်မလေးက ကျွန်တော့် အပေါ်ကို ဘယ်လိုမြင်သွားနိုင်သလဲ။ သိရင်ပြောကြပါဦး။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

မျက်ရည်တောင် လည်မိပါတယ်

လောကမှာ တွေ့ဆုံကြုံကွဲဆိုတဲ့ နိယာမတရားကြီးဆိုတာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူမှ အဲဒီ့ နိယာမတရားကြီး ကို ရင်မဆိုင်ချင်ကြဘူးလေ။ ကျွန်တော်လည်း အဲဒီအတိုင်းပါပဲ။ ရင်မဆိုင်ချင်ဘူး။ ရင်မဆိုင်နိုင်ဘူး။ ဒီ နိယာမ တရားကြီးဟာ ၀မ်းနည်းရတယ်။ ကြေကွဲရတယ်။ နောက်ပြီး ဘာအကျိုးကျေးဇူးမှ မရတဲ့ အလဟဿ အရာတစ်ခု လို့ ကျွန်တော် ပျစ်ပျစ်နှစ်နှစ် ပြောလိုက်ချင်ပါတယ်။ ခွင့်လွှတ်ပါ။ လူဆိုတာ ကိုယ်ခံစားချက်ကလွဲလို့ ဘယ်အရာမှ မကြည့်တတ်တဲ့ တစ်ကိုယ်ကောင်းသမားတွေပဲ မဟုတ်လား။ ဒါပေမယ့် ကိုယ့်ခံစားချက်နဲ့ကိုယ်တော့ အားလုံးဟာ မင်းသား/မင်းသမီးတွေပါပဲ။ အဲဒီထဲမှာ ကျွန်တော်လည်းပါတယ်။ ကျွန်တော် တို့ရဲ့ သူငယ်ချင်းဖြစ်တဲ့ မီးအိမ် ရှင်မလေးဟာ ၁၅-၉-၂၀၀၇ ရက်နေ့ ည (၁၀း၃၀)နာရီ ရထားနဲ့ ရန်ကုန်ဆိုတဲ့ မြို့ကို ထွက်ခွာသွားပါတယ်။ ကျွန်တော်တို့ တတွေ စိတ်ထဲမှာ ၀မ်းနည်းရပေမယ့် အလုပ်ကိစ္စအတွက် သွားတာပဲလေ ဆိုတဲ့ စိတ်ကလေးနဲ့ အပူ တွေကို သူ့ရဲ့ ရှေ့မှာ မပြဖြစ်ကြပါဘူး။ ဒါပေမယ့် ဒီလောက် တွဲလာပြီးမှ ရုတ်တရက်ခွဲရမယ် ဆိုတဲ့ လူသားတွေပဲ ဗျာ။ ဘယ်နေနိုင်မလဲ။ ဒါပေမယ့် ခရီးထွက်ခါနီး သူငယ်ချင်းတစ်ယောက်အတွက် ကျွန်တော်တို့ကြောင့် စိတ်မကောင်းမဖြစ်စေချင်ဘူးလေ။ ဒါကြောင့် ကျွန်တော် တို့ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ သူ့ကို ဘူတာ လိုက်ပို့လိုက်ပါတယ်။ ကျွန်တော်ရယ်၊ အောင်ချမ်းလင်းရယ်၊ သမ္ဘူလရယ်၊ ပိုးပိုးရယ်၊ သန္တာအောင်ရယ်၊ သက်ကိုကိုအောင်ရယ်ပေါ့။ မသွားခင် ညနေလေးကို သတိရမိပါသေး တယ်။ အဲဒီတုန်းက မီးအိမ်ရှင်မလေး က ရန်ကုန်သွားရင်သုံးဖို့ အိတ်တစ်လုံးလောက်လိုလို့ဆိုလို့ ကျွန်တော်နဲ့ မီးအိမ်ရှင်မလေး အိတ်ဝယ်ဆိုပြီးထွက်ခဲ့တယ်။ သူကလည်း သူလိုချင်တဲ့ အိတ်တစ်လုံး တွေ့ထားတယ်တဲ့။ ဒါနဲ့ ကျွန်တော်က ဘယ်နားမှာလဲလို့ မေးတော့ မင်္ဂလာဈေးနားမှာတဲ့။ အဲဒီမှာ အကျပ်ရိုက်တော့တာပဲ။ ကျွန်တော်တို့ က ဆိုင်ကယ် ဦးထုပ်မပါဘူးလေ။ ဒီတော့ အဲဒီ့နားကို မသွားရဲဘူးပေါ့။ ဒါကို သူကလည်း နားလည်ပေးပါတယ်။ ဒါ ဆိုလည်း ရန်ကုန်ရောက်မှ ၀ယ်တော့မယ်လို့ပြောပါတယ်။ အဲဒါနဲ့ ၀ယ်စရာရှိတာ ၀ယ်ပြီးတော့ ကျွန်တော်နဲ့သူ ( ၂၆)လမ်း၊ (၆၃-၆၄) ကြားက လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြတယ်။ ပြောစရာရှိတာ ပြောကြတယ်ပေါ့လေ။ ( ဘာပြောလဲတော့ မမေးနဲ့နော်။) အဲဒီမှာ သူက ကျွန်တော့်ကို လက်ဆောင်ပေးတယ်။ ကျွန်တော့် စိတ်ထဲမကောင်းဘူးဗျာ။ ဘယ် လိုဖြစ်မှန်းကို မသိပါဘူး။ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။



မီးအိမ်ရှင်မလေးကို ခေါ်ဆောင်သွားသော ရထားကြီး



မသွားခင်လေးပျော်ပျော်ရွှင်ရွှင်



သူရယ်ကျွန်တော်ရယ် သန္တာအောင်ရယ်



သူနဲ့ကျွန်တော်



ကျွန်တော်၊ မီးအိမ်ရှင်မလေး၊ ပိုးပိုး၊ အောင်ချမ်းလင်း



ရထားပေါ်ရောက်တော့ ပြုံးပြနေတယ်လေ



သမ္ဘူလ၊ ပိုးပိုး၊ သန္တာအောင်၊ မီးအိမ်ရှင်မလေး



သူ့မျက်နှာမျက်ရည်စတွေနဲ့



သေခြင်းတရားနှင့် လူ

ကျွန်တော် ဒီသတင်း ကို စကြားလိုက်ရတော့ အစ်ကိုချမ်းမြစိုးအတွက် စိတ်မကောင်း ဖြစ်သွားတယ်။ ဒါပေမယ့် ဒါ ဟာ သိပ်ထူးဆန်းတယ် လို့တော့ မဟုတ်ပါဘူးလေ။ ကမ္ဘာပေါ်မှာ ရှိတဲ့ သက်ရှိ သတ္တ၀ါတိုင်း ကြုံတွေ့ရမယ့် လော ကနိယာမ တရားတစ်ခုပဲမဟုတ်လား။ လူရယ် လို့ ဖြစ်လာရင် တစ်ချိန်က အရာအားလုံးကို လွှင့်ပစ်ပြီး သေခြင်း တရားရဲ့ ခေါ်ဆောင်ရာနောက်ကို လိုက်ကြရတာပဲ မဟုတ်လား။ ကျွန်တော်တို့ ရှင်သန်လာတယ် ဆိုတာ သေဆုံး ဖို့ပါပဲ။ ``သေခြင်းတရား´´ ဆိုတာကို လူတွေက ကြားရမှာ သိပ်ကြောက်ကြတယ်။ ရပါတယ်။ မကြားချင်လို့ မ ပြောနဲ့ဆိုရင်လည်း ပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူမှ ရှောင်လွှဲလို့ ရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကိုးကွယ်ရာဖြစ်တဲ့ ဗုဒ္ဓဘုရားရှင်တောင် သေခြင်းတရားနဲ့ ကင်းကွာနိုင်ခဲ့လို့လား။ ဒါတွေကို လူတွေက သိသိကြီးနဲ့ သေခြင်းတရားကို ကြောက်နေကြတယ်။ ကိုယ့်လမ်းကြောင်းကို ကိုယ်သိနေရင် လုပ်စရာရှိတာကို အချိန်လေးရ တုန်းလုပ်ထားရမယ်။ တစ်စိုက်မတ်မတ် မလုပ်နိုင်တောင် ရတဲ့ အချိန်လေးမှာ နည်းနည်းဖြစ်ဖြစ် ရအောင်လုပ်ရ မယ်။ ဘာမှ မလုပ်နိုင်တောင် ကိုယ်သေရမယ်ဆိုတာ သိနေရင် ကိုယ့်ရှေ့ကသွားပြီ ဖြစ်တဲ့ သူ အတွက် ပူဆွေးသောက ရောက်မနေသင့်တော့ပါဘူး။ သွားလေသူအတွက် အကျိုးရှိမယ့် အရာလေးတွေကို သတိတရနဲ့ ရည်စူးပြီး လုပ်ပေးလိုက်တာ အကောင်းဆုံးသော နည်းလမ်းပါပဲ။ ၀မ်းနဲ့လွယ်ပြီး မွေးခဲ့တဲ့ မိခင်အတွက် ပူဆွေး ၀မ်းနည်းမိမှာ မှန်ပေမယ့် ကိုယ့်အတွက်လည်း မေ့မနေစေချင်ဘူး။ လုပ်ပေးသင့်တာကို လုပ်ပေးရင်းနဲ့ ကျေးဇူးတစ်ချို့တစ်ဝက်ကို ဆပ်လိုက်ပါလား။ သူများတွေ သွားခဲ့ကြတဲ့လမ်း ကို သွားတယ်လို့မှတ်ပေးလိုက်ပါ အစ်ကို။ ကျွန်တော်တို့တွေလည်း အဲဒီလမ်းကို မလွဲမသွေ တစ်နေ့သွားကြရဦး မှာပါ။ စိတ်ကို သတိလေးနဲ့ ထိန်းကွပ်ပေးပါ အစ်ကို။ စိတ်ထင်ရာ မလုပ်မိပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။ ဆရာမကြီး ကောင်းရာသုဂတိလားပါစေ။

ပြောမယုံ ကြုံဖူးမှသိ

ဖြစ်ချင်တာကို ပြောရရင် သိကြားမင်းတောင် ထိုင်ငိုသွားဦးမယ်။ တကယ်ပြောတာ။ လူအလိုကို နတ်မလိုက်နိုင် ဆိုတာ အမှန်ပဲ။ လူတစ်ယောက်ကို ဒုက္ခရောက်နေလို့ ကူညီမိပါတယ်။ ခပ်တည်တည်နဲ့ အိမ်လိပ်စာတောင်း တယ်လေ။ သူက။ သြော် .. ကျွန်တော်ကတော့ ရိုးရိုးသားသားတောင်းတယ်ထင်ပြီး ပေးလိုက်တယ်။ ကျွန်တော် ခင်ဗျားကို ကူညီတာ ဘာမျှော်လင့်ချက်မှ မရှိဘူးနော် လို့တောင် ပြောလိုက်သေးတယ်။ အိမ်ကိုလာပြီး ကျေးဇူး တွေ ဘာတွေ ဆပ်နေမှာ စိုးလို့။ ကျွန်တော့် စကားကို နားထောင်ရှာပါတယ်။ ဘာမျှော်လင့်ချက်မှ မရှိဘူး ဆိုတာ ကို နားယောင်သွားပုံရပါတယ်။ တော်တော်လေးကြာတော့ ကျွန်တော့်ဆီကို ဧည့်သည်လာတယ်ဆိုလို့ ထွက် ကြည့်လိုက်တော့ အမယ် ကျေးဇူးရှင်ဗျား။ အကျီ င်္စွပ်ကျယ်လေးနဲ့ ။ ကျွန်တော် က လည်း တော်တော်ကြာပြီဆို တော့ သိပ်မမှတ်မိဘူးလေ။ ဒါကြောင့် ဘယ်သူလဲလို့မေးလိုက်တော့မှ ကျွန်တော် မှတ်မိတော့တယ်။ အဲဒါနဲ့ အိမ် ထဲ ၀င်ထိုင်ပါဦး ဘာဦးနဲ့ ဧည့်ဝတ်ပြုရတာပေါ့လေ။ နောက်လာရင်းကိစ္စ မေးလိုက်တော့ အကူအညီလာတောင်း တာပါတဲ့ အေးရောလေ။ ဒါနဲ့ ကျွန်တော်ကလည်း လောကွတ်ချော်ရ တာပေါ့။ ပြောပါ ကျွန်တော် ဘာကူညီရမလဲလို့လေ။ အဲဒီမှာ သူတောင်းတဲ့ အကူအညီကို နားထောင်ကြည့် လိုက်ပါဦး။ သူက ရပ်ကွက်ထဲက စက်ဘီးတစ်စီးကို ဌားစီးလာတာကို ကွမ်းယာဝယ်နေတုန်း ပျောက်သွားလို့တဲ့ အဲဒါနဲ့ ကျွန်တော့်ကို ပိုက်ဆံချေးပါတဲ့။ ချေးတဲ့ပိုက်ဆံကလည်း နည်းနည်းပဲလေ။ တစ်သိန်းခွဲလောက် ချေးပါတဲ့ ကဲ စဉ်းစားကြည့်ပါဦးဗျာ။ ကျွန်တော်လိုကောင်တစ်ယောက်က ပိုက်ဆံ တစ်သိန်းခွဲလောက်သာ ကိုင်နိုင်ရင် ဘာပြောကောင်းမလဲ။ ဒါကို ကျေးဇူးရှင်ကို ပြန်ငိုပြရတယ်လေ။ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီးလေ။ အဲဒါမှ ကျေးဇူးရှင်က ရက်ကန် ရက်ကန်နဲ့ ပြန်သွားတော့တယ်။ နှုတ်ခမ်းကြီးကလည်း ထော်လန်နေတာပဲ ။ သူ့ကိုပိုက် ဆံမချေးလို့နေမှာ ပေါ့။ အဲဒါသာ ကြည့်ပေတော့။ မိတ်ဆွေ၊ တစ်ခါကူညီ ဖူးတာနဲ့ သူရဲ့ ပင်တိုင်စံ အလှူရှင် များမှတ်နေလားမသိဘူး။ ဒါကြောင့် လူတွေက ပြောတာပေါ့။ ခြေနှစ်ချောင်းမကယ်ကောင်းဖူးတဲ့။

ကံဆိုတာ လူကဖန်တီးတာပါ

လောကမှာ ကောင်းခြင်း၊ ဆိုးခြင်းကို ပိုင်းခြားပေးတာဟာ ကံကြမ္မာပါလို့ ဘယ်သူကများ ထွင်ပြောလိုက်တယ် လို့ တော့မသိဘူး။ ဒါပေမယ့် ကျွန်တော့် အမြင်ကိုပြောရရင် ဒါတွေဟာ ကောင်းတဲ့ ခံယူချက်ဖြစ်မယ်မထင်ဘူး။ ဘာလို့လဲ ဆိုတော့ လူတစ်ယောက်ရဲ့ စွမ်းဆောင်နိုင်တဲ့ စွမ်းရည်ကို ကျဆင်းအောင် လုပ်ကြံနေတဲ့ စကားရပ်တစ် ခုလို့ ထင်တယ်။ အဲဒီ့ စကားကြောင့် လူတွေ ပျင်းလာမယ်။ အလုပ်လုပ်ချင်စိတ်၊ စွမ်းဆောင်ရည်တွေကျဆင်း လာမယ်။ ““နေပါကွာ၊ အလုပ်လုပ်နေလည်း ဒီထက်မကြီးပွားနိုင်တော့ပါဘူး၊ ကံတရားကိုက ငါတို့ဘက်ကို ပါမှ မပါပဲနဲ့ လုပ်နေလည်း အပိုပါပဲကွာ”” စတဲ့ ညည်းငြူသံတွေ ဖြစ်လာမယ်။ ကိုယ်လုပ်တဲ့ အလုပ်ကိုလည်း ဆက်လုပ် ချင်စိတ်တွေ လျော့နည်းသွားတာကို တွေ့ရလိမ့်မယ်။ ဒါဟာ သူတို့ပြောနေသလို “ကံကြမ္မာ” ဆိုတဲ့ ငနဲကို အနိုင် ယူနေတယ်လို့များ ထင်နေသလား။ မဟုတ်ဘူး။ အမှန်တော့ ဒါဟာ ကံကြမ္မာ ဆိုတဲ့ ငနဲကသာ သူတို့ကို အနိုင်ယူ နေတာ။ ဒါကို မသိဘဲ ငါတို့ကို ပင်ပင်ပန်းပန်း အလုပ်လုပ်ခိုင်းတဲ့ အခု အလုပ်မလုပ်တော့ ဒင်းဘာတတ်နိုင်သေးလဲ။ အဲ ... သူက ဘာမှ တတ်နိုင်မှာ မဟုတ် ဘူး။ ဘာမှလည်း ဖြစ်မှာလည်း မဟုတ်ဘူး။ ဖြစ်မှာက အဲဒီ ကံကြမ္မာကို အရွဲ့တိုက်ချင်တဲ့ ကျွန်တော်တို့ကသာ ငတ်မွတ်ခေါင်းပါးတဲ့ ဒဏ်ကို ခံရမှာဆိုတာကို သိစေချင်တယ်။ သမုဒ္ဓရာ ၀မ်းတစ်ထွာ အတွက် လုပ်ရမှာပဲ လို့ တော့ မပြောချင်ပါဘူး။ ဒါပေမယ့် သူများ မျှောလိုက်နေတဲ့ ရေစီးကြောင်းထဲက ရုန်းထွက်ပြီး ကိုယ့်လမ်းကို ဖောက်ကြရင် နောင်တစ်ချိန်မှာ လူတကာက ခေါင်းငုံ့သွားရမယ့် လူတစ်ယောက် ဖြစ်မလာဘူးလို့ ဘယ်သူပြော လဲ။ စဉ်းစာပါဦး။ လုံ့လဆိုတာ လူကို အတတ်နိုင်ဆုံး အလုပ်ကို ကောင်း ကောင်းလုပ်အောင် ကူညီပေးတဲ့ ကမ္ဘာမြေကြီး ရဲ့လက်ဆောင်တစ်ခုပါပဲ။

စိတ်ကောင်းလေးမွေးမြူကြည့်ပါ

ကျွန်တော်တို့လူဆိုတဲ့ အမျိုးအနွယ်စု တွေဟာ စိတ်ကောင်း၊ နှလုံးကောင်းထားနိုင်ဖို့ တော်တော်ကို လေ့ကျင့်ရပါ ဦးမယ်။ “ကိုယ့်ထက်သာ မနာလို” ဆိုတဲ့ စကားပုံဟာ လူတွေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ စကားပုံလေး တစ်ခုလို့ ကျွန်တော် တစ်ထစ်ချ ယုံကြည်မိပါတယ်။ လူဆိုတာ ကိုယ့်ထက်သာတဲ့ သူကို ရှေ့မှာ ချီးမွမ်းတတ်ပေမယ့် ကွယ် ရာလည်းရောက်ရော မကောင်းပြောကြတာပါပဲ။ ဒါက သတိထားရမည့် အချက်ပါ။ “ကိုယ့်ထမင်း ကိုယ်စားတာ ဘာလို့ ပတ်ဝန်းကျင်ကို ဂရုစိုက်ရမှာလဲ” လို့ ပြောနေကြတဲ့ လူတွေကို သတိပေးချင်ပါတယ်။ ပတ်ဝန်းကျင်ဆိုတာ လူတစ်ယောက် ( ဒါမှမဟုတ်) အိမ်ထောင်စုတစ်စု အတွက် မှန်တစ်ချပ်လိုပါပဲ။ ငါ ဘာလိုနေတယ်ဆိုတာကို သူတို့ ကနေ တဆင့် သိနိုင်တယ်။ လူငယ်တွေ မလုပ်သင့်တာလုပ်ရင် ရပ်ကွက်ထဲက လူကြီးသူရွယ်တွေ ဆုံးမတယ်။ ဒါ ဟာ ခိုင်မာတဲ့ သက်သေ တစ်ခုပါပဲ။ ကျွန်တော် ဒီလိုပြောလို့ ပြန်မေးစရာရှိပါတယ်။ ပတ်ဝန်းကျင်ကြောင့် ဘ၀ ပျက်သွားတဲ့ လူတွေကို မင်းမမြင်ဖူးဘူးလား လို့။ မြင်ဖူးပါတယ်။ ဘာလို့ ဒီလို ပြောနိုင်ရတာလဲ ဆိုတော့ အဲဒီ့ လိုမျိုး ကျွန်တော့် ဦးလေး ခံစားခဲ့ရဖူးလို့ပါပဲ။ ဒါဟာ ပတ်ဝန်းကျင်ကြောင့် မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်က အသုံးမကျလို့ပါ။ ထိန်းသိမ်းနိုင် စွမ်းမရှိလို့ပါ။ ကိုယ့်စိတ်ကို နိုင်အောင် မထိန်းချုပ်နိုင်လို့ပါပဲ။ လူဆိုတာ အောင်မြင်မှုရလာရင် စိတ်က အလိုလို မြင့်သွားတတ်ကြတယ်။ စိတ်မြင့်တာတော့ကောင်းပါတယ်။ ဒါပေမယ့် ဘ၀င်မြင့်တာတော့ သတိထားပါ။ အဲဒါ လူကို ဘ၀ပျက်စေနိုင်တဲ့ ခဲယမ်းမီးကျောက်တစ်ခုပါပဲ။ နောက်ပြီး အောင်မြင်မှု ဆိုတာဟာလည်း မျဉ်းဖြောင့် တစ်ကြောင်းတည်းကို ပြေးနေတဲ့ သတ္တ၀ါ မဟုတ်ပါဘူး။ ဒါကို ဦးနှောက်ထဲမှာ သိထားပေးရင် တိုးတက်ဖို့ရာ ငါးဆယ်ရာခိုင်နှုန်း သေချာသွားပြီ။ ဒါတွေကို ကျွန်တော် ဘာလို့ပြောနေတာလဲ လို့ တွေးလိမ့်မယ်။ စိတ်ထဲမှာ လည်း သို့လော သို့လော ထင်ကြမယ်။ ဒါပေမယ့် ကျွန်တော် အခုပြောတာတွေဟာ ကျွန်တော့် ဦးလေး အသက် ကို ရင်းပြီး ရလိုက်တဲ့ အသိဥာဏ်တွေ ဖြစ်တဲ့အတွက် ကျွန်တော့် သူငယ်ချင်းတွေကို ပြောပြခြင်း စြဖ်ပါသည်။ ဒါလေးကို ဖတ်လိုက်လို့ သူငယ်ချင်းတို့ ရင်ထဲမှာ တစ်ခုခု ကျန်နေခဲ့ရင် ကျွန်တော် ရေးရကြိုးနပ်ပါတယ်ဗျာ။